မာတိကာသို့ ခုန်သွားရန်

စောရှီးရှိုး

ဝီကီပီးဒီးယား မှ
၁၂:၂၉၊ ၈ ဩဂုတ် ၂၀၂၄ နေ့က 2406:2d40:804b:5810:db19:7e4b:5ead:9224 (ဆွေးနွေး) (မရှိပါ) တည်းဖြတ်သည့်မူ

မြန်မာ့ပထမဦးဆုံး လေတပ်ဦးစီးချုပ် ကရင်လူမျိုး ဒုတိယဗိုလ်မှူးကြီး စောရှီးရှိုး အကြောင်းသိကောင်းစရာ

========================

- ကိုယ်ပိုင်အမှတ် လေ-၁၀၂၀

-ဗမာ့အပျော်တမ်းလေတပ် စတင်ဖွဲ့စည်းချိန်မှစ၍ အမှုထမ်းဆောင်ခဲ့သည်

-၁၉၄၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် ဒုဗိုလ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်

-ဗမာ့အပျော်တမ်းလေတပ်၏ ဒုတိယအသုတ် လေယာဉ်မောင်းသင်တန်းကို တက်ရောက်ခဲ့သည်

-၁၉၄၂ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ဗိုလ်အဆင့်သို့လည်းကောင်း

-၁၉၄၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ဗိုလ်ကြီးအဆင့်သို့လည်းကောင်း တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည်

-မြန်မာ့မြေပေါ်မှ ဗြိတိသျှတို့ဆုတ်ခွာချိန်တွင် ဗမာ့အပျော်တမ်းလေတပ်သည်လည်း အိန္ဒိယသို့အဆင့်ဆင့်ဆုတ်ခွာခဲ့ရာတွင်ပါဝင်ခဲ့သည်

-၁၉၄၃ ခုနှစ် စက်တင်ဘာလ ရခိုင်တိုက်ပွဲနှင့် ၁၉၄၄ ခုနှစ် အင်ဖာတိုက်ပွဲ များတွင် အိန္ဒိယနိုင်ငံ ရှေတန်းလေတပ်အခြေစိုက်စခန်းများမှနေ၍ ဂျပန်တို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းများတွင် ကိုယ်တိုင်ပါဝင်ခဲ့သည်

-အောင်ဆန်း-အက်တလီ စာချုပ် လက်မှတ်ရေးထိုးပြီးနောက် ၁၉၄၇ ခုနှစ် ဧပြီလ (၂၆)ရက်နေ့တွင် ဗမာ့အပျော်တမ်းလေတပ်၏ တပ်မှူးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်

- ၁၉၄၇ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ဗိုလ်မှူးအဆင့်သို့တိုးမြှင့်ခြင်းခံခဲ့ရပြီး ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် မြန်မာ့လေတပ်မတော် စတင်ဖွဲ့စည်းရာ ပထမဆုံး လေတပ်မတော်ဦးစီးချုပ် အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်

-၁၉၄၈ ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့တွင် ဗမာ့သေနတ်ကိုင်တပ်ရင်း အမှတ်(၁) နှင့် အမှတ်(၃) တို့ တောခိုသောအခါ စပစ်ဖိုင်းယား လေယာဉ် (၃)စီး ကိုခေါင်းဆောင်၍ သွားရောက်တိုက်ခိုက်ခဲ့သည်

-၁၉၄၈ ခုနှစ် ဩဂုတ်လ (၁၄)ရက်နေ့တွင်  ဒုတိယဗိုလ်မှူးကြီးအဆင့်သို့တိုးမြှင့်ခြင်းခံခဲ့ရသည်

-၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် နိုင်ငံရေးနှင့် စစ်ရေးအခြေနေများအရ ခွင့်ရက်ရှည်ပေးခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) တွင် အထက်တန်းလေတပ် ဦးစီးအရာရှိအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်

-၁၉၅၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် တပ်မတော်(ကြည်း/ရေ/လေ) စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၃ ခုနှစ် ဇူလို်င်လ(၂၄)ရက် နေ့တွင် လေတပ်မှ အငြိမ်းစားယူခဲ့သည်

-၁၉၄၉ ခုနှစ်တွင် နိုင်ငံတော်မှပေးသော သရေစည်သူဘွဲ့ကိုရရှိခဲ့သည်