မာတိကာသို့ ခုန်သွားရန်

ဒိုရှိရှအမျိုးသမီးတက္ကသိုလ်

ဝီကီပီးဒီးယား မှ
ဒိုရှိရှအမျိုးသမီးတက္ကသိုလ်
同志社女子大学
ဖိုင်:Dwcla logo.png
Emblem
အခြားအမည်
Dojo (同女 Dōjo?)
ဆောင်ပုဒ်လက်တင်: Ego sum vitis vera
အင်္ဂလိပ်ဘာသာ ဆောင်ပုဒ်
I am the true vine
အမျိုးအစားPrivate
တည်ထောင်Founded ၁၈၇၆ (၁၈၇၆)
Chartered 1949
ဥက္ကဋ္ဌHirō Kaga
ဆရာဦးရေ
836
ဝန်ထမ်းဦးရေ
251
သင်တန်းသား6,538
ဘွဲ့ကြိုဦးရေ6,466
ဘွဲ့လွန်ဦးရေ52
တည်နေရာKyoto, Kyoto, Japan
35°01′47″N 135°45′49″E / 35.029629°N 135.763613°E / 35.029629; 135.763613ကိုဩဒိနိတ်: 35°01′47″N 135°45′49″E / 35.029629°N 135.763613°E / 35.029629; 135.763613
ပရဝုဏ်Urban/suburban, ၅၃၀ ဧက (၂၁၀ ha)
အထိမ်းအမှတ် အရောင်   White & purple
ဝဘ်ဆိုဒ်dwc.doshisha.ac.jp/english/

ဒိုရှိရှအမျိုးသမီးတက္ကသိုလ် (同志社女子大学, Dōshisha joshi daigaku) သည် ဂျပန်နိုင်ငံကျိုတိုမြို့ခယောတနဘဲတွင် တည်ရှိသည့် ပုဂ္ဂလိကအမျိုးသမီးကောလိပ်တစ်ခု ဖြစ်သည်။ ၁၈၇၆ ခုနှစ်တွင် ကျောင်းကို တည်ထောင်ခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် တက္ကသိုလ်တစ်ခုအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]
Doshisha Women's College of Liberal Arts
Yuwakan, Kyotanabe campus
Yuwakan, Kyotanabe campus
Eikoukan, Imadegawa campus
Eikoukan, Imadegawa campus

၁၈၇၅ ခုနှစ်တွင် နိအိဂျိမဂျော Niijima Jō (Joseph Hardy Neesima) သည် ဒိုရှိရှအဲအိဂတ်ခိုး (Doshisha Eigakko ) ကို အမျိုးသားကျောင်းအဖြစ် အမေရိကန်နိုင်ငံဆိုင်ရာနိုင်ငံခြားမစ်ရှင်များအဖွဲ့၏ အကူအညီကိုယူကာ တည်ထောင်ခဲ့သည်။[]

နောက်တစ်နှစ်အကြာတွင် နိအိဂျိမဂျော၏ အမျိုးသမီးဖြစ်သူ အိအိဂျိမယအဲသည် အမေရိကန်သာသနာပြု Alice J. Starkweather နှင့် ဂျောရှိ-ဂျုခု (အမျိုးသမီးကျောင်း) ကို တည်ထောင်ခဲ့သည်။ ၁၈၇၇ ခုနှစ်တွင် ဤကျောင်း၏ အမည်ကို ဒိုရှိရှဘွန်းခိုနယောခိုဘ (Doshisha Bunko Nyokoba) ဟု အမည်ပေးခဲ့ပြီး နိအိဂျိမဂျောသည် ကျောင်းအုပ်ဖြစ်လာခဲ့သည်။ ကျောင်း၏ အမည်ကိုလည်း များမကြာမီ ဒိုရှိရှဂျောဂတ်ခိုး (ဒိုရှိရှအမျိုးသမီးကျောင်း) ဟု ပြောင်းလဲခဲ့သည်။ ၁၈၇၈ ခုနှစ်တွင် ကျောင်းကို လက်ရှိတည်နေရာဖြစ်သည့် အိမဒဲဂဝကျောင်းဝင်းသို့ ရွှေ့ပြောင်းခဲ့သည်။ သူနာပြု ဟိဆနဂနို သည် ဒိုရှိရှ အမျိုးသမီးကျောင်း၏ ကျောင်းသူဟောင်း ဖြစ်သည်။[]

၁၉၃၀ ခုနှစ်တွင် မဆွတ်ဒမိချိသည် ဒိုရှိရှဂျောရှိဆန်းမွန်းဂတ်ခိုး (ဒိုရှိရှအမျိုးသမီးကောလိပ်) ၏ တက္ကသိုလ်ဌာနမှူး ဖြစ်လာခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြီးနောက်တွင် ဤကျောင်းသည် ဒိုရှိရှဂျောရှိဒိုင်းဂခု (ဒိုရှိရှအမျိုးသမီးတက္ကသိုလ်) ဖြစ်လာခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် လေးနှစ်ကြာတက်ရောက်သင်ကြားရသည့် ပညာရေးသင်တန်းများကို သင်ကြားပို့ချပေးခဲ့ကြသည်။ ပထမဆုံးသော သင်တန်းကို ၁၉၆၇ ခုနှစ်တွင် စတင်ခဲ့ကြသည်။ ကျောင်းဝင်းအသစ်ဖြစ်သည့် “ခယောတနဘဲ” ကျောင်းဝန်းကို ၁၉၈၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ဤကျောင်းဝန်းသည် အိမဒဲဂဝကျောင်းဝင်း၏ တောင်ဘက် ၃၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Timeline။ Doshisha Women's College of Liberal Arts။ January 25, 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 25, 2018 တွင် ပြန်စစ်ပြီး။
  2. Day၊ Takako (7 December 2018)။ Atypical Japanese Women - The First Japanese Female Medical Doctor and Nurses in Chicago - Part 2 (in en)။ 2018-12-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-10-14 တွင် ပြန်စစ်ပြီး။